Friday 29 October 2010

လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

khitpyaing

ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေအတွင်းရေးမှူး၊ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသောလမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလောဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။

http://www.khitpyaing.org

No comments:

Post a Comment